ပါကစ္စတန်မှာ ဆန္ဒပြမှုတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်း ခြေထောက် ဒဏ်ရာရ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Een podcast door BBC Burmese Radio

Podcast artwork

အရပ်ဘက်အတွက်ပို့တဲ့ လေယာဉ်ဆီတွေ မြန်မာစစ်တပ် လက်ထဲရောက်နေတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ပြော၊ ခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ လူသတ် အနုကြမ်းစီး၊ လုယက်မှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာမို့ လူထုအကြား စိုးရိမ်စိတ်တွေ တိုးလာနေ၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင်းက မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ထားတဲ့ နေအိမ်တစ်အိမ်ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီက ချိပ်ပိတ်လိုက်၊ ပိုတင်းကျပ်လာတဲ့ အသင်းအဖွဲ့ ဥပဒေသစ်ကြောင့် အသင်းအဖွဲ့တွေ လွတ်လပ်စွာ ရပ်တည်နိုင်ရေး အခက်အခဲဖြစ်လာ၊ ပါကစ္စတန်မှာ ဆန္ဒပြမှုတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်း ခြေထောက် ဒဏ်ရာရ၊ နိုင်ငံတကာ သတင်းထောက်တွေအပေါ် ဖိအားပေးနေမှုတွေကြောင့် CBC ကနေဒါ အသံလွှင့်ဌာနက သူတို့ရဲ့ ဘေဂျင်းမြို့ ရုံးကို ပိတ်ဖို့ရှိ

Visit the podcast's native language site