တရုတ်ကဝယ်ထားတဲ့ ဆိုင်နိုဖန်း ၁၀သန်း မြန်မာကို ရောက်လာရင် ဘယ်သူတွေကို ဦးစားပေးထိုးမလဲ။
ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Een podcast door BBC Burmese Radio
စနေနေ့ မနက်ခင်း သတင်းများ (၄ စက်တင်ဘာ ၂၀၂၁) တရုတ်ကဝယ်ထားတဲ့ ဆိုင်နိုဖန်း ၁၀သန်း မြန်မာကို ရောက်လာရင် ဘယ်သူတွေကို ဦးစားပေးထိုးမလဲ။ ရခိုင်ပြည်နယ် အမ်းမြို့နယ် ညောင်ချောင်းကျေးရွာမှာ တစ်ရွာ လုံးနီးပါး ဖျားပြီး အနံ့မရဖြစ်နေ။ ဗြိတိန်မှာ အသက် ၁၂ နှစ်ကနေ ၁၅ နှစ်အထိ ကလေးတွေကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးဖို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ထောက်ခံချက် မပေး။ ထိုင်းမှာ ဆန္ဒပြတဲ့သူတွေ လမ်းပေါ် ပြန်ထွက်လာ။ ကမ္ဘာဖလား ခြေစစ်ပွဲမှာ အင်္ဂလန်ကစားသမားတွေ လူမျိုးရေး ခွဲခြားမှုနဲ့ ပစ်မှတ်ထားခံရတဲ့ ဖြစ်ရပ်ကို ဖီဖာ စုံစမ်း။ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့ ဦးတည်ချက်ထား မလုပ်ရင် ဂျာမန်ကားနဲ့ စွမ်းအင်ကုမ္ပဏီတွေကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ တရားစွဲမယ်။ အင်တာနက်ပေါ်မှာ ဗီပီအန်တွေ ပံ့ပိုးပေးတဲ့ ကုမ္ပဏီ ၆ ခုကို ရုရှားပိတ်ပင်။ စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com #ဘီဘီစီမြန်မာပိုင်း #မနက်ခင်းသတင်း #ကိုရိုနာဗိုင်းရပ်စ်
